ငှက်ပျောသီး နှင့် ချောကလက်ကလွဲလို့ကျန်သည့်ပါဝင်ပစ္စည်းအားလုံးကို ရောမွှေထားပြီး နာရီဝက်လောက် နပ်ထားပါ ငှက်ပျောသီးကိုအခွံနွာပြီး၂ ခြမ်းခြမ်းထားပါ အကြော်ဒယ်အိုးကို မီးအနေတော် လေးအပူပေးပြီး ထောပတ် အနည်းငယ် သုတ်လိမ်းပြီး မုန့်နှစ် ၂ဇွန်းလောက် ထည့်ကာ မုန့်ပြားပြားလေးရအောင် ဒယ်အိုးကို လှည့်ပေးပါ မုန့်သားမကျတ်တကျတ် ဖြစ်လာပါက ခြမ်းထားတဲ့ငှက်ပျောသီး ၁ခြမ်းကို ဒယ်အိုးရဲ့ ဘေးမရောက်တရောက်နေရာလေးမှာတင်ပြီးမီးပိတ်ကာ မုန့်သားရဲ့ဘေးအသားအရှည်လိုက်လေးကနေအရင်သိမ်းပါ ပြီးရင် ငှက်ပျောသီးတင်ထားတဲ့နေရာလေးကဘေးသားကနေ လိပ်ပါ လေမခိုအောင်လိပ်ပေးရပါမယ် ချောကလက်လိပ်ကိုတော့ အပေါ်ကနည်းလိုပဲ ငှက်ပျောသီးနေရာကို ချောကလက်အစားထိုးကာလိပ်ရင်ရပါပြီရှင် မုန့်သားကို ပာိုဘက်ဒီ ဘက် လှန်ပြီး ကြော်စရာမလိုပါ မုန့်နှစ် မကျက် တကျက် ဖြစ်တဲ့ချိန်မှာမီးပိတ်ရမယ်နော် အားလုံးအဆင်သင့်ဖြစ်ပါက မုန့်လိပ်လေးတွေပေါ်ကို ပျားရည်လေးလောင်းပြီး နွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။