စိန်မိသားစု

စိန်ပန်း

စိန်မိသားစု





ထောပတ်ကြက်ဥ ဘိန်းမုန့်( အချပ် အကြီး ၃ ချပ်စာ)


ပါဝင်ပစ္စည်းများ

  • ၁။ ဆန်မှုန့်- ၁ ခွက်
  • ၂။ ကြက်ဥ - ၁ လုံး
  • ၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
  • ၄။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
  • ၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက် တ ဝက်
  • ၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • ၇။ ဆော်ဒါ ( baking soda) - လက်ဖက်ရည်ဇွန်း တ ဝက်
  • ၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - အနည်းငယ်
  • ၉။ အခွံချွတ်ထားသော မြေပဲလှော် - အနည်းငယ်
  • ၁၀။ ဘိန်းစေ့ - အနည်းငယ်
  • ၁၁။ ဆား - အနည်းငယ်

( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း


ကြက်ဥကို ခလောက်ထားပါ။ ဆန်မှုန့်၊ဆား နှင့် ဆော်ဒါ မှုန့်တို့ကို ဇလုံတခုထဲထည့်ပြီး သမအောင်လုပ်ပါ။ ဆန်မှုန့်ထဲကို ရှာလကာရည်ထည့်ရျ် သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ဆမ်းပြီး ထည့်ပါ။ မုန့်အချဉ်ပေါက်ရာမှာ အလွန်အသုံးဝင်ပါတယ်။) ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်ပြီး သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။(မုန့်သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။) နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ကိုထည့်ပြီး သမအောင်လုပ်ပါ။ မုန့်အနှစ်ရပါပြီ။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရျ် ထောပတ်ပူလာလျှင် မုန့်အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်ပြီး ထည့်ပါ။ မီးကို အေးအေးထားရျ် မုန့်ပြုလုပ်ပါ။ မုန့်အနှစ်အပေါ်ကို ဘိန်းစေ့ အ၇င်ဖြူး ၊




မုန့် ပျား သ လက်

ပါဝင်ပစ္စည်းများ

  • ၁။ဆန်မှုန့် - ၅ ခွက်
  • ၂။တစေး (YEAST) - ၂ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
  • ၃။ဆား - ၁ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
  • ၄။ရေ - ၆ ခွက်
  • ၅။နံနံပင် - ၁ ခွက်(ပါးပါးလှီး)
  • ၆။ကြက်သွန်မြိတ် - ၁ ခွက်(ပါးပါးလှီး)
  • ၇။ပဲပြုတ် - ၂ ခွက်
  • ၈။ဆီ



ပြုလုပ်နည်း

ဆန်မှုန့်၊ ဆား ၊ YEAST နှင့် ရေ တို့ကို နှံ့အောင်နယ်ပြီး အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တည်ထားပါ ။ (မနက် စားရန် အတွက် မုန့်နှစ် ညကတဲက ဖျော်ထားမှကောင်းပါသည် ။ ညနေခင်း စားမည်ဆိုလျင်လည်း မနက် အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည် ။ မကပ်သော ဒယ်အိုး အသေးကို ဆီ အနည်းငယ် သုပ်ပြီး မီး အပူပေးပါ။ မီးဖို၏ မီးက အရေးကြီးပါသည် ။ မပူလွန်း သောမီး ၊ မီးကို အနေတော်သာထားရျ် မုန့်လုပ်ပါ ။ အိုး ပူလာလျှင် မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့်ထည့်ပါ ။ မုန့်နှစ်ထဲ့ ပြီးလျှင် ပဲပြုတ် ၊ နံနံပင် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ ။ ပြီးလျင် ဒယ်အိုးကို အိုးအဖုံး အပေါ် အုပ်ပြီး ၂ မိနစ်ခန့်ထားပါ။ ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေး နှင့် မုန့်မထည့်မည် သုတ်သုတ်ပေးပါ ။ မုန့်နှစ်မကပ်စေရန် နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူ ဆည်ယူနိုင်ရန် အတွက် ဖြစ်ပါသည် ။ မုန့်ပျားသလက်ကို နှမ်းဆားထောင်း ၊ ဆီနှင့် ဆားတို့နှင့် တွဲပြီး စားလေ့ ရှိပါသည် ။





မုန် လာဥမုန့်

ပါဝင်ပစ္စည်းများ

  • ၁။မုန် လာဥအဖြူ ၃၀ ကျပ် သား ( အခွံ မနွှာခင် )
  • ၂။ဆန် အစိမ်းမှုန့် ၂၀ ကျပ် သား
  • ၃။ဆီ ၁၅ကျပ် သား
  • ၄။ ရေ ၂၀၀ မီလီလီတာ နှင့် ထမင်းစားဇွန်း ၅ဇွန် း

  • ၅။ဆား လက် ဖက် ရည် ဇွန်း တစ် ဇွန်း
  • ၆။ဟင်းခတ် မှုန့် လက် ဖက် ရည် ဇွန်း တစ် ဇွန်း
  • ၇။ပုစွန် ခြောက် မှုန့် ထမင် းစားဇွန်း တစ် ဇွန်း (သက် သက် လွတ် ဆို မထည့်လဲရ)
  • ၈။ ကော် မှုန့် ထမင်းစားဇွန်း ၅ဇွန်း

ပြုလုပ်နည်း

မုန် လာဥ ကို အခွံ ကို ပါးပါးလွှာ အတုံး လေး တွေတုံးထားပြီး ရေ နွေးဆူဆူမှာ ၅မိနစ် ခန့် ပြုတ် ပါ။ ( ရှတတ အရသာ ပျောက် အောင် ပါ) ပြုတ် ထားတဲ့ မုန် လာဥ တွေကို ရေစစ် ပြီး ရေ ၂၀၀ မီလီလီတာ နဲ့ ကြိတ် စက် ထဲ ထည့်ကြိတ် ပါ။ ကြိတ် ထားတဲ့ အထဲကို ဆန် အစိမ်းမှုန့် ၂၀ ကျပ် သားကို ဇကာချထည့် ( အလုံးအခဲ တွေ မဖြစ် အောင် ) ဆား လက် ဖက် ရည် ဇွန်း တစ် ဇွန်း ၊ဟင်းခတ် မှုန့် လက် ဖက် ရည် ဇွန်း တစ် ဇွန်း ၊ ပုစွန် ခြောက် မှုန့် ထမင် းစားဇွန်း တစ် ဇွန်း ၊ ကော် မှုန့် ၅ ဇွန်း ထည့် ရေ ထမင်းစားဇွန်း ၅ဇွန် းကို တစ် ဇွန်း ချင်းစီ ထည့်ပြီ မုန့်သားသမသွား အောင် မွှေ ပေးပါ။ မုန့်နှစ် ရရင် တော့ စတီးချိုင့် သို့မဟုတ် အပူခံတဲ့ခွက် တစ် ခုကို ဆီ သုတ် မုန် နှစ် ထည့်ပြီး ၂ထပ် ပေါင်းအိုးထဲမှာ နာရီဝက် ပေါင် းပါ။ မုန့်နှစ် ကျက် မကျက် သွားကြားထိုးတံနဲ့ ထိုးကြည့်လို့ မုန့်နှစ် ကပ် ပါမလာရင် ရပါပြီ။ အ အေးခံပြီး နှစ် သက် ရာ ပုံစံ လှီးပြီး ဆီ ၁၅ကျပ် သား နဲ့ မီး အေး အေးနဲ့ စိတ် ရှည် ရှည် ကြော် ပါမယ် ရှင် ။ နီ ရောင် သမ်းလာရင် တော့ ဆယ် ယူ ဆီစစ် ပြီး အချဉ် ရည် နဲ့ သုံး ဆောင် နိုင် ပါပြီရှင် ။


အချဉ်ရည်လုပ်နည်း

  • ၁။ထန်းညက် ၅လုံး လောက် ကို ရေနဲ့ကြို သဲစစ် အ အေးခံထားပါ။
  • ၂။မန် ကျည်းသီးမှည့် ကွမ်းသီးလုံးခန့် ရေစိမ် ထားပါ။
  • ၃။ကြက် သွန် ဖြူ ၅တက် ခန့် ညက် ညက် ထောင် းထားပါ။
  • ၄။ငရုတ် ဆီ chilli sauce လက် ဖက် ရည် ပန်းကန် လုံးတစ် လုံးစာ ယူထားပါ။
  • ၅။အချဉ်ရည် ဖျော်ဖို့သဲစစ် ထားတဲ့ ထန်းညက် ရည် ၊ မန် ကျည်းမှည့်ရည် ၊ ငရုတ် ဆီ၊ ဆား လက် ဖက် ရည် ဇွန်း လေးပုံတစ်
  • ပုံ တို့ကို ရောစပ် ၍ အရသာစိတ် ကြိုက် ပြင် ပါ။ ပြီးမှ နံနံပင် ၊ငရုတ် သီးစိမ်း ညှပ် ထည့်ပါ။