ကျွန်ုပ်တို့ အေလာ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် သည်စားသောက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူး ရောင်းချသောကဏ္ဍတွင် ပါဝင်ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး ဒုတိယ မျိုးဆက် ဆန်မှုန့်ကြိတ်စက်လုပ်ငန်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အဓိကလုပ်ငန်းများတွင် ဆန်မှုန့်ကြိတ်စက် ၊ ဂျုံရွှေကြည်ကြိတ်စက် ၊ သောက်ရေသန့်ထုတ်လုပ်ခြင်း ၊ အချိုရည်ထုတ်လုပ်ခြင်း ၊ ဂျုံမှုန့်တင်သွင်း ဖြန့်ချီခြင်း ၊ တိရိစ္ဆာန် အစားအစာ နှင့် ကုန်ကြမ်းများ ဖြန့်ချီခြင်း တို့ပါဝင်ပါသည်။ ပြည်တွင်းကုန်ကြမ်းများကို အသုံးပြု၍ ဆန်မှုန့်နှင့် ဂျုံရွှေကြည်များကိုထုတ်လုပ်ပါသည်။
အမေရိကန် ၊ ကနေဒါ ၊ ဥရောပ နှင့် အာဆီယံနိုင်ငံများမှ ဂျုံမှုန့်များကို တင်သွင်းဖြန့်ဖြူးရောင်းပါသည်။ထိုဂျုံမှုန့်များသည် ဗိုက်တာမင် A သံဓာတ်အစ ရှိသော အာဟာရ ဓာတ်များနှင့် ပြည့်ဝ၍ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များဖြစ်သော Hala , ISO , HACCP , GMP များရရှိထားသော နိုင်ငံတကာ အဆင့်မှီ ပစ္စည်းများဖြစ်ပါသည်။
မြန်မာပြည်အနှံအပြားရှိ ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ 2016 ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး အရည်အသွေးမြင့်မားမှု၏ အကျိုးဆက်ကိုစတင်ခံစားရပါသည်။
“အောင်မြင်မှု့အတွက် လက်တွဲတစို့” ဆိုသည့် ကျွန်ုပ်တို့၏ဆောင်ပုဒ်အတိုင်းသင်တို့နှင့် လက်တွဲ၍ အောင်မြင်မှု့ပန်းတိုင်သို့လျှောက်လှမ်းကြပါစို့။