စိန်ပန်းတံဆိပ်

OK တံဆိပ်

ရွှေနု

စိန်တံဆိပ်

စိန်တလုံး

စိန်ပန်း


ရွှေကြည် ဆနွင်းမကင်း


ပါဝင်ပစ္စည်း

  • ၁။ ဂျူံရွှေကြည် ၁ ပိသာ
  • ၂။ သကြား ၉ဇွန်း ( အချိုက စိတ်ကြိုက်ထည့်ပါ )
  • ၃။ အုန်းနို့ ဘူးကြီး(၁)ဝက်နဲ့ရေအပါနို့ဆီဘူး၂ဘူးခွဲ/၃ဘူးခန့်
  • ၄။ နို့စိမ်း ဘူး( ၁ )ဝက်
  • ၅။ကြက်ဥ ၂လုံး
  • ၆။ထောပတ် ၁၀သား
  • ၇။ဆီ ၁၀သား
  • ၈။ဆား အနည်းငယ်
  • ၉။ဘိန်းစေ့

ပြုလုပ်နည်း


ရွှေကြည်ကို အနည်းငယ်ရဲလာအောင်လှော်ပါတယ်။ ပြီးရင်ဘိန်းစေ့မှ လွဲပြီး ကျန်တာရောမွေပါ။ ဖုတ်မဲ့ဇလုံကိုထောပတ်သုတ်ပါ၊ မီးဖိုပေါ်တင်ပြီးအဆက်မပြတ်မွှေပါ။ ဆီလိုက်လာပြီး အိုးမကပ်တော့ရင်ဇလုံထဲပြောင်းထည့်ပြီး သေချာဖိပြားကာ ဘိန်းစေ့ဖြူးပါ။ လျှပ်စစ်မီးဖိုပေါ် မီးအေးအေးနှင့် ၅မိနစ်တင်ပါတယ် ပြီးမှအိုးထဲပြောင်းထည့်ပြီးမီး၁၆၀နဲ့မိနစ် ၃၀/၄၀ခန့်ဖုတ်ပါ။ အပြင်ကချောင်းကြည့်လို့အပေါ်ယံရဲလာရင်ရပါပြီ။